ရပ်တည်အရေးဆိုခြင်းအတွက် ဆက်သွယ်ပြောဆိုခြင်း
နည်းလမ်းများ
တက်ကြွလှုပ်ရှားသူများနှင့် အရေးဆိုရပ်တည်သူများအတွက် သင်ရိုးတစ်ရပ်
ရပ်ရွာ အခြေပြုအရေးဆိုခြင်းတွင် အပြောင်းအလဲဖော်ဆောင်နိုင်စွမ်းရှိသည်။ ပြောင်းလဲအောင် လုပ်ဆောင်နိုင်စွမ်းလည်း သင့်ထံတွင် ရှိသည်။
သို့ရာတွင် သတင်းအချက်အလက်များ ဖြန့်ဝေခြင်းထက်ပိုပြီး လူအများကို အမှန်တကယ် စိတ်ပါဝင်စားလာစေရန်၊ ပူးပေါင်းကူညီလာစေရန်၊ မိမိအရေးကိစ္စတွင် ဝင်ပါလာစေရန် ရပ်တည်အရေးဆိုသူတစ်ဦးအနေနှင့် မည်သို့ လွှမ်းမိုးဆွဲဆောင်မည်နည်း။
ရပ်တည်အရေးဆိုမှုအတွက် ဆက်သွယ်ရေး လုပ်ဆောင်ရန် အဆင်သင့် ဖြစ်ပါပြီလား။
ရပ်တည်အရေးဆိုမှုအတွက် ဆက်သွယ်ရေး သင်တန်းစတင်လိုက်ပါ။
ဤသင်ရိုးက ဘာအကြောင်းဖြစ်ပါသနည်း။
ရပ်တည်အရေးဆိုခြင်းအတွက် ဆက်သွယ်ရေး သင်တန်းသည် သတ်မှတ်ပရိသတ်အုပ်စုများကို တိကျသော သတင်းစကားများသုံး၍ လွှမ်းမိုးစည်းရုံးပြီး မူဝါဒများ အလေ့အထများ ပြောင်းလဲလာအောင် ဆောင်ရွက်ခြင်း နည်းလမ်းများအပေါ် စူးစိုက်တင်ပြထားပါသည်။
ရပ်တည်အရေးဆိုခြင်းဆိုသည်မှာ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ ပြောင်းလဲလာအောင် ဆွဲဆောင်လွှမ်းမိုးခြင်းပင်ဖြစ်သည်။ အားကောင်းခိုင်မာသော ဆက်သွယ်ချက်များသည် မိမိ အတွေးအကြံများနှင့် အဆိုပြုချက်များကို ထိရောက်စွာ ဖြန့်ဝေ တင်ပြနိုင်သည်။
ဤသင်ရိုးတွင် ရပ်တည်အရေးဆိုမှုအတွက် ဆက်သွယ်ရေး အခြေခံများကို အဆင့်ဆင့် တင်ပြထားသည်။ ရပ်တည်အရေးဆိုသူများနှင့် လှုပ်ရှားတက်ကြွသူများအတွက် အထောက်အကူဖြစ်အောင် ရေးဆွဲထားသော သင်တန်းဖြစ်သော်လည်း၊ လူမှုအပြောင်းအလဲအတွက် ဆက်သွယ်ရေးတင်ဆက်ချက်များ သုံးနေသော လူအားလုံးအတွက် အသုံးဝင်မည်ဖြစ်သည်။
သင်နှစ်သက်သလို အရှိန်နှုန်းနှင့် နှစ်သက်ရာ အချိန်တွင် ဤသင်တန်းကို တက်ရောက် လေ့လာနိုင်ပါသည်။

သင်ယူမှု ရလဒ်များ

ဆက်သွယ်ရေး ရည်ရွယ်ချက်များ ချမှတ်ခြင်း

မိမိ၏ ဦးတည်ပရိသတ်များကို နက်ရှိုင်းစွာ နားလည်ခြင်း

စိတ်နှလုံးနှင့် အတွေးများကို ပြောင်းလဲစေသော သတင်းစကားများ ရေးသားခြင်း

ထောက်ခံသူများကို စည်းရုံးလှုံ့ဆော်ခြင်း

လူမှုမီဒီယာပေါ်တွင် ဦးတည်ပရိသတ်များနှင့် ထိစပ်ခြင်း

ဇာတ်လမ်းပြောပြခြင်း၏ စွမ်းရည်ကို စုဆောင်း အသုံးချခြင်း
မည်သို့ လုပ်ဆောင်ရမည်နည်း။
သင်ခန်းစာများကို မိမိအဆင်ပြေသည့် အချိန်၊ အနှေးအမြန်နှင့် လုပ်ဆောင်နိုင်ပါသည်။ အဆင်ပြေသည့်အချိန် ရောက်ထားသည့် နေရာမှ ပြန်စနိုင်သည်။
သင်ခန်းစာတစ်ခုချင်းစီ ရွေးတက်နိုင်ပြီး၊ တစ်ခုချင်းစီတွင် အပြန်အလှန် ဖလှယ်ရသော လေ့ကျင့်ခန်းများပါသည်။
လေ့ကျင့်ခန်းများမှာ မလုပ်မနေရ မဟုတ်ပါ။ ကျော်သွားနိုင်ပါသည်။ သို့ရာတွင် တတ်နိုင်ပါက လေ့ကျင့်ခန်းများလုပ်ရန် အထူးတိုက်တွန်းအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိကိုယ်တိုင် ရေးသော လုပ်ဆောင်သော အရာများကိုသာ မိမိမှတ်မိမည်ဖြစ်သောကြောင့်ပင်။
သင်တန်းတက်ရန် စာရင်းသွင်းသောအခါ သင့်တွင် အလိုအလျောက် အွန်လိုင်း မှတ်စုစာအုပ် တစ်အုပ်ရသွားမည်ဖြစ်သည်။ သင်တန်းမှပါသော အကြောင်းအရာများကို ကူးယူထားခြင်း၊ မိမိဘာသာ မှတ်စုရေးခြင်း လုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းများတွင် သင် ထည့်ရေးသည့် အရာများကို မှတ်စုစာအုပ်တွင် အလိုအလျောက် ထည့်ပေးမည်ဖြစ်သည်။ အဆိုပါ မှတ်စုကို အချိန်မရေး PDF အနေနှင့် ဒေါင်းလုတ် ရယူနိုင်ပါသည်။ စခရင်၏ ညာဘက် မီနူးစာရင်းတွင် e-note ကို ဖွင့်လိုက်ပါက ရယူနိုင်ပါသည်။

သင်ခန်းစာတစ်ခုပြီးတိုင်း ပြီးဆုံးကြောင်း အီလက်ထရောနစ် တိုကင်တစ်ခုရပါမည်။

ဤသင်တန်းတွင် အင်္ဂလိပ်ဘာသာစကားနှင့် ဗွီဒီယိုများစွာပါသည်။ ဤဖိုင်တွင် ထိုဗွီဒီယိုများအတွက် ဘာသာပြန်များပါသည်။ ဤစာရွက်ကို အမြဲ အဆင်သင့်ဆောင်ထားပါ။
သင်ခန်းစာ အစီအစဉ်

ရပ်တည်အရေးဆိုမှုအတွက် ဆက်သွယ်ရေးဆိုသည်မှာ အဘယ်နည်း။ ကျွန်ုပ်လုပ်ဆောင်နေသောအရာဟုတ်ပါသလား။

ဆက်သွယ်ရေး အခြေခံများ

ဆက်သွယ်ရေးရည်ရွယ်ချက်များ

လွှမ်းမိုးမှု မဟာဗျူဟာများ - သက်ရောက်မှု ပျက်ပြယ်စေခြင်း

လွှမ်းမိုးမှု မဟာဗျူဟာများ - သတင်းပေးတင်ပြခြင်း

လွှမ်းမိုးမှု မဟာဗျူဟာများ - ဆွဲဆောင်စည်းရုံးခြင်း

လွှမ်းမိုးမှု မဟာဗျူဟာများ - စည်းရုံးလှုံ့ဆော်ခြင်း

ဒစ်ဂျစ်တယ်နည်းဗျူဟာများ- ဦးတည်ပရိသတ်ထံ ရောက်ရှိခြင်း

ဇာတ်လမ်းပြောခြင်း

လုပ်ငန်းအစီအစဉ်တစ်ရပ် ဖော်ဆောင်ခြင်း
ကျွန်ုပ်တို့ မည်သူဖြစ်ပါသနည်း။
ဤသင်ရိုးကို အိတ်ချ်အိုင်ဗွီ၊ အေအိုင်ဒီအက်စ် အရေးအရာဆိုင်ရာ ရပ်တည်အရေးဆိုသူများနှင့် တက်ကြွလှုပ်ရှားသူများ၏ ရပ်တည်အရေးဆိုမှု မဟာဗျူဟာများတွင် ဆက်သွယ်ရေးပိုင်း၊ လွှမ်းမိုးမှုပိုင်းနှင့် စည်းရုံးဆွဲဆောင်ခြင်းအပိုင်းများ အတွက် အထောက်အကူ ဖြစ်စေရန် စီစဉ်ထားသော သင်ရိုးဖြစ်ပါသည်။
Partnership to Inspire, Connect and Transform the HIV response (PITCH) အဖွဲ့အတွင်းတွင် ကနဦး စမ်းသပ် ပို့ချခဲ့ပါသည်။ PITCH မှာ Aidsfonds, Frontline AIDS and the Dutch Ministry of Foreign Affairs တို့အကြားမှ ပူးပေါင်းဆောင်ရွက်သော မိတ်ဖက်ပြုမှုတစ်ခုဖြစ်ပါသည်။
ကမ္ဘာအနှံ့တွင် ရပ်တည်အရေးဆိုမှုနှင့် စည်းရုံးလှုံ့ဆော်မှုများဆောင်ရွက်ကာ မူဝါဒများပြောင်းလဲရေးနှင့် လူမှု အပြောင်းအလဲများ ပေါ်ပေါက်ရေး ဆောင်ရွက်နေသော LGBTQI+ တက်ကြွလှုပ်ရှားသူများကို ထောက်ပံ့နေသည့် Sogicampaigns စီမံကိန်းနှင့် ပူးပေါင်း၍ သင်ရိုးရေးသားခဲ့ပါသည်။
လူမှုလှုပ်ရှားမှု အရပ်ရပ်၏ နှလုံးသည်းပွတ်တွင် ရောက်ရှိနေသည့် လှုပ်ရှားဆောင်ရွက်သူများအတွက် ဤသင်ရိုးက အထောက်အကူ ပြုလိမ့်မည်ဟု မျှော်လင့်ပါသည်။ ဆက်သွယ်ရေးနှင့် ပတ်သက်၍ အမျိုးမျိုး ပြောင်းလဲနေသော အခြေအနေအခင်းအကျင်းများမှ ပေးလာသော အခွင့်အလမ်းများကို ဖမ်းဆုပ်အသုံးချရာတွင် အထောက်အကူ ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
အသေးစိတ်ထပ်မံသိရှိလိုပါက-
PITCH
Sogicampaigns
သင်တန်းစာရင်းသွင်းရန်နှိပ်ပါ။
